The programme is designed to provide funding assistance to selected applicants to attend this event. The purpose of the Fellowship Program is to give opportunities to Internet network engineers and operators from the remote part of Myanmar to participate in the event. The award is open to anyone who meets the criteria we shall announce later. Briefly, Applications are open to residents of all States and Divisions of Myanmar except Yangon Division.
The Fellowship Committee will conduct ongoing evaluations of the applicants and make their selections based on certain criteria including applicant experience and applicant's desire to continue to participate in the event. Women are especially encouraged to apply. The Fellowship Award which is granted to successful applicants (Fellows) covers the conference registration fee and accommodation, and provides a contribution towards the cost of the travel and living expenses associated with attending the Event.

ပွဲတက်ရောက်ရန် ရွေးချယ်ခံရသူများ အတွက် လိုအပ်တဲ့ ငွေကြေး ကုန်ကျစရိတ် ပံ့ပိုးပေးနိုင်ရန် စီစဉ် ထားခြင်းဖြစ်ပါသည်
ရည်ရွယ်ချက်မှာ မြန်မာပြည်၏ ဝေးလံသည့် ‌ဒေသတွင် နေထိုင် အလုပ်လုပ်ကိုင် နေကြသော နက်ဝဂ် အင်ဂျင်နီယာများ၊ အင်တာနက် ဝန်ဆောင်မှု ပေးနေသူ ပညာရှင်များ ပါဝင် တက်ရောက်နိုင်ရန် အတွက် ဖြစ်ပါသည်။ သတ်မှတ်ချက် ပြည့်မီသူ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ အကြမ်းအားဖြင့် ရန်ကုန်တိုင်းမှ လွဲ၍ ပြည်နယ်၊ တိုင်းများတွင် နေထိုင် အလုပ်လုပ်သူ (သို့) ကျောင်းတက် နေသူများ လျှောက်ထားနိုင်ပါသည်
ရွေးချယ်ရေး ကော်မတီသည် လုပ်ငန်း အတွေ့အကြုံ၊ စိတ်ဝင်စားမှု အစရှိသည့် သတ်မှတ်သည့် စည်းကမ်းများနှင့် အညီ၊ လျှောက်လွှာများကို စိစစ် ရွေးချယ် သွားမှာ ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများ လျှောက်ထားရန် အထူး တိုက်တွန်း လိုပါသည်။ ရွေးချယ်ခံရသူများကို ပွဲတက်ရောက်ခ၊ နေစရိတ်၊ ခရီးစရိတ် အစရှိသည်များ ထောက်ပံ့သွားပါမည်။


Eligibility

Applicants need to be actively involved in Internet development in any of the following capacities:

  • Myanmar Citizen
  • Currently staying/working in Myanmar except Yangon Division.
  • Anyone who has confidence to catch up the Training & Conference (or) has background knowledge and/or works related with ISP/System Integrator (SI)/IT/Computer (or) students attending IT/Computer related School/University.

လျှောက်ထားခွင့် ရှိသူများ

အောက်ဖေါ်ပြပါ အရည်အချင်းများနှင့် ပြည့်မှီသူများ လျှောက်ထား နိုင်ပါသည်။

  • ပြည်ထောင်စု မြန်မာနိုင်ငံသား၊
  • ရန်ကုန်တိုင်း ဒေသကြီးမှ အပ လက်ရှိ မြန်မာနိုင်ငံတွင် နေထိုင် အလုပ်လုပ် နေသူ၊
  • သင်တန်း၊ ဟောပြောပွဲ အား တက်ရောက်ရန် မိမိကိုယ်မိမိ ယုံကြည်မှု ရှိသူ(သို့) ISP/System Integrator (SI), IT/Computer လုပ်ငန်းများတွင် လုပ်ကိုင်နေသူ / လုပ်ငန်း အတွေ့အကြုံရှိသူ၊ IT/Computer ကျောင်း တက်ရောက်နေသူ၊

ရက်စွဲများ (Key dates)

စတင်လျှောက်ထားနိုင်သည့်ရက် ၁၅-နိုဝင်္ဘာ-၂၀၁၉
နောက်ဆုံးလျှောက်ထားရမည့်ရက် ၂၃-ဒီဇင်္ဘာ-၂၀၁၉
ပဏာမရွေးချယ်သူများအားကော်မတီမှအကြောင်းကြားမည့်နေ့ရက် ၂၄-ဒီဇင်္ဘာ-၂၀၁၉
အရွေးခံရသူများမှလက်ခံကြောင်းနောက်ဆုံးအကြောင်းကြားမည့်ရက် ၃၀-ဒီဇင်္ဘာ-၂၀၁၉
လျှောက်ထားမှု အောင်မြင်သူများအား ကြေငြာခြင်း နေ့ရက် ၃၁-ဒီဇင်္ဘာ-၂၀၁၉


Fellowship Award

အစီအစဉ်အတွက်ရွေးချယ်ထားသော လျှောက်ထားသူများသည် အောက်ပါအထောက်အပံ့များကို ရရှိမည် ဖြစ်သည်။

  • မှတ်ပုံတင်ကြေး (Registration fee)
  • ခရီးဝေး အသွား အပြန် စရိတ် (Long Distance Travel Allowance)
  • အနီးအနားရှိသင့်တော်သော hostel / hotel တွင်နေထိုင်နိုင်ရန် အစီအစဉ် (Accomodation at suitable hostal/hotel nearby)


လျှောက်ထားသူများ လိုက်နာရမည့် စည်းကမ်းချက်များ (Terms & Conditions)

  • သင်တန်း(Tutorials) သို့မဟုတ် ‌‌‌‌ဟောပြောပွဲ (Conference) တမျိုးမျိုးကို လျှောက်ထားနိုင်ပါသည် ။
  • ပဏာမ အရွေးချယ်ခံရသူများအား ရွေးချယ်ရေး ကော်မတီမှ အကြောင်းကြားပါမည်။ တက်ရောက်နိုင်ခြင်း ရှိမရှိကို အီးမေးလ်ဖြင့် အကြောင်းပြန်ရပါမည်။
  • နောက်ဆုံးအကြောင်းပြန်မည့် ရက်များ (deadlines) အား ပြောင်းလဲပေး၍ မရနိုင်ပါ။
  • အသင်းဝင်များသည် ခွင့်ပြုထားသော သက်ဆိုင်ရာ သင်တန်းများ၊ ဟောပြောပွဲများအား အစမှ အဆုံးအထိ နေ့တိုင်းတက်ရောက်ရပါမည်။ ရွေးချယ်ခံရသူသည် MMIX_MMNOG_2020 မှ စီစဉ်ထားသော အစည်းအဝေးများ နှင့် Social Events များကိုလည်း တက်ရောက်ရမည်။ ထိုသို့မပြုလုပ်ပါက Fellowship Award အားပြန်လည် ရုပ်သိမ်းနိုင်ပါသည်။
  • တက်ရောက်သူများသည် Fellowship အစီအစဉ်မှ စီစဉ်ထားသော hostel / hotel တွင်မနေလိုပါက မိမိ အစီအစဉ် မိမိကိုယ်ပိုင်ကုန်ကျစရိတ်ဖြင့် နေထိုင်နိုင်ပါသည်။
  • သတ်မှတ်ထားသည့် ထောက်ပံကြေးမှ တပါး ကျန်းမာ‌ရေး အပါအဝင် တခြားသော ကုန်ကျစရိတ်များကို MMIX_MMNOG_2020 မှ ကျခံမည် မဟုတ်ပါ၍ အဆိုပါ ကုန်ကျနိုင်ခြေရှိသော စရိတ်များအတွက် လုံလောက်သော ငွေကြေးပါရှိရမည်။
  • လျှောက်ထားသူသည် ၂-ရက်ကြာ Tutorial (သို့) Conference အတွက် စုစုပေါင်း ၃-ရက် တည်းခို နေထိုင်နိုင်ရန် စီစဉ်ပေးပါမည်။ သို့သော် Tutorial တက်ရောက်ရန် အတွက် ရွေးချယ်ခံရသူများသည် မိမိ၏ကိုယ်ပိုင် အစီအစဉ်ဖြင့် Conference များဆက်လက် တက်ရောက်နိုင်ပါသည်။ အလားတူ Conference တက်ရောက်ရန် အတွက် ရွေးချယ်ခံရသူများသည်လည်း မိမိ၏ကိုယ်ပိုင် အစီအစဉ်ဖြင့် Tutorial တန်းများတက်ရောက်နိုင်ပါသည်။ ၎င်းအတွက် ကြိုတင် အသိပေး အကြောင်းကြားထားပါက အခကြေး‌ငွေ ထပ်မံပေးစရာ မလိုပါ။


ကွန်ဖရင့်ပြီးဆုံးပြီးနောက်တွင်

  • နောင်နှစ်များတွင် ပိုမိုကောင်းမွန်သည့် အစီစဉ်များ ဆောင်ရွက်နိုင်ရန် ပွဲပြီးဆုံးပြီးနောက် အကြံပြုလွှာ (follow-up survey) တွင် သင့်အချက်အလက်များ ဖြည့်သွင်းပေးရပါမည်။
  • ဤပွဲ၏ လူမှုဝန်းကျင်နှင့် အတူရရှိခဲ့သော သင်၏ အတွေ့အကြုံများကို မျှဝေရန်အတွက် အင်တာနက် ဆောင်းပါး (blog post) တစ်ခုရေးသားရပါမည်။
  • သင်၏ အတွေ့အကြုံနှင့် ဗဟုသုတများကို မိမိလုပ်ငန်းနှင့် ဒေသရှိ အပေါင်းအသင်း မိတ်ဆွေများကို ပြန်လည် မျှဝေပေးရပါမည် ။
  • သင်၏ အတွေ့အကြုံအား MMIX_MMNOG_2020 လူမှုကွန်ရက်စာမျက်နှာ - Facebook တွင် ဆောင်းပါး (post) ရေးသားတင်ပြရပါမည်။


ရွေးချယ်ရာတွင်အသုံးပြုမည့် သတ်မှတ်ချက်များ

  • MMIX_MMNOG_2020 တွင် မိမိစရိတ်ဖြင့် တက်ရောက်ရန် ငွေကြေးဆိုင်ရာ အခက်အခဲရှိသူ၊
  • ပွဲမှ လေ့လာ ရရှိမည့် ဗဟုသုတ၊ အတွေ့အကြုံများအား မိမိ မိတ်ဆွေ များသို့ ပြန်လည်မျှဝေ နိုင်မည့်သူ၊
  • မိမိဒေသ အသိုင်းအဝန်းတွင် မိမိတတ်ထားသည့် နည်းပညာဖြင့် အကျိုးပြုလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်မည့်သူ၊
  • အမျိုးသမီးများ ဝင်ရောက်လျှောက်ထားရန် အထူးအားပေးပါသည် ။


ရွေးချယ်မှုပုံစံ

Fellowship Selection ကော်မတီမှ အတည်ပြုဆုံးဖြတ်ချက်ပြီး ရွေးချယ်ခံရသည့် လျှောက်ထားသူများကို တစ်ဦးချင်း အကြောင်းကြားပါမည်။ ရွေးချယ်ထားသည့် အဖွဲ့ဝင်များစာရင်းကို MMIX_MMNOG_2020 ကွန်ဖရင့်ဝက်ဘ်ဆိုက်တွင်ကြေငြာပါမည်။



ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်

  • ပွဲတက်‌ရောက်ခွင့် ရသူများသည် ၎င်းတို့၏ တကိုယ်ရေ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအား ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါသည်။
  • MMIX_MMNOG_2020 အနေဖြင့် မည်သူ့တဦး တယောက်၏ တကိုယ်ရေ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက်မဆို တာဝန်မရှိပါ။
  • MMIX_MMNOG_2020 အနေဖြင့် မည်သည့် တကိုယ်ရေ ကိုယ်ပိုင်ပစ္စည်းများ ပျောက်ရှမှု သို့မဟုတ် ထိခိုက်မှုမျိုးအတွက်မဆို တာဝန်မရှိပါ။

နောက်ထပ် သိလိုသည်များကို fellowship@mm-ix.net သို့ အီးမေးလ် ပေးပို့ ရေးသား မေးမြန်းနိုင်ပါသည်။

For any more inquiry about fellowship program, please contact to fellowship@mm-ix.net